
Carrie White ဟာအထက်တန်းကျောင်းတက်နေတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး၊ ဘာသာရေးယုံကြည်မှုပြင်းထန်တဲ့မိခင်နှင့် အတူနေထိုင်ရသူပါ။ ကျောင်းမှာလည်း အခြားကျောင်းသားသူငယ်ချင်းတွေရဲ့ အနိုင်ကျင့်နှောင့်ယှက်မှုတွေကို ခံနေရပြီး၊ အဆင်မပြေမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ခံစားနေရတာပါ။ ထိုအခက်အခဲ အခြေအနေများအတွင်းမှာပဲ Carrie ဟာ Telekinesis (စိတ်အားဖြင့်အရာဝတ္ထုများကိုထိန်းချုပ်နိုင်ခြင်း) ဆိုသည့် ထူးခြားသောစွမ်းအားကို ရရှိထားပါတယ်.. ဒီလိုစိတ်ဖိစီးမှုတွေများစွာခံစားနေရတဲ့ ထူးခြားတဲ့စွမ်းအားပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုပေါက်ကွဲပြသွားမလဲဆိုတာ သည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့်ကားမျိုးဖြစ်ပါတယ်..