
ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ စကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်..
ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားက ကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်..
ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်..