
2013,April 15 ရက်နေ့မှာ Boston မြို့မှာကျင်းပခဲ့တဲ့ မာရသွန်ပြေးပွဲမှာ ဗုံး၂ လုံးပေါက်ခွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဗုံးဟာ Home-Made ဗုံး လို့ယူဆရပြီး Boston မြို့ခံရဲသား Tommy Saunders ကဦးဆောင်ပြီး Commissioner Ed Davis နဲ့ FBI Special Agent Richard DesLauriers အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။ ဗုံးပေါက်သွားတဲ့အခါ လာရောက်အားပေးသူတွေအပေါ် ဖြစ်ပျက်သွားတဲ့ဖြစ်ရပ်ဆိုးတွေ မနှစ်မျို့ဖွယ်မြင်ကွင်းတွေ သွေးပျက်ဖွယ်ကောင်းတဲ့ထိခိုက်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးခံစားခဲ့ရတာတွေကို Tv ကလာတဲ့ Documentry မှာ မကြည့်ခဲ့ရပေမယ့် ဒီကားမှာတော့ အသေးစိပ်ရိုက်ပြသွားလို့ ကြည့်ခဲ့ရပါတယ်။ သူတို့နိုင်ငံကရဲတွေ တရားခံဖမ်းဖို့ကို ပညာသားပါပါနဲ့ အဆင့်ဆင့်ထောက်လှမ်းပုံ သက်သေပစ္စည်းတွေ ခင်းကျင်းထားပုံတွေ ဖြစ်ရပ်ဆိုးနဲ့ကြုံလာတဲ့အခါ မြို့ခံရဲတွေကနေ ကူညီကယ်ဆယ်ပုံ စတာတွေကိုလည်း အသေးစိပ်သိရှိရမှာဖြစ်ပါတယ်..