
ဒီဇာတ်လမ်းမှာတော့ မက်စ်ရဲ့သခင် ကေတီဟာ ချပ်ခ် နဲ့အိမ်ထော င်ရက်သားကျပြီး လီယန်ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးခဲ့ပါတယ်.. ကလေးမချစ်တတ်တဲ့ မက်စ်တစ်ယောက် လီယန်နဲ့တွေ့တဲ့အခါ မက်စ်တစ်ယောက် လီယန်ကို ချစ်သွားပါတော့တယ်။ မက်စ်ဟာ အစိုးရိမ်ကြီးလွန်းတဲ့ စိတ်ရောဂါဝင်လာပြီးတော့ အရာရာကို ကြောက်နေတတ်ပါတယ်။ သူချစ်တဲ့ လီယန်လေးကိုလည်း အရမ်းတွေ စိုးရိမ်ပါတယ်။ ကေတီဟာ မက်စ်ကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာတော့ မက်စ်တို့ဟာ နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ မက်စ်ရဲ့အစိုးရိမ်လွန်၊ အကြောက်လွန်တဲ့ရောဂါဟာ ပျောက်နိုင်ပါ့မလား.. တစ်ချိန်ထဲမှာပဲ ယုန်ဆိုးလေး စနိုးဘောဟာ ကပ္ပတိန်စနိုးဘောအနေနဲ့ ပါဝင်လာဦးမှာပါ..
Good