




















ဂန်ယောင်းဂေါ (Yoo Ah In) ဆိုတဲ့လူငယ်လေးဟာ ဆိုးလ်မြို့ရဲ့ ဖက်ရှင်အကျဆုံးနေရာလို့ တင်စားလို့ရတဲ့ ဒုံဒယ်မွန်ဈေးက ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ရဲ့ အရည်အချင်းရှိ ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ နာမည်ကြီး ဒီဇိုင်နာတစ်ဦး ဖြစ်ချင်တယ်ဆိုတဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြောက်ရွံ့နေခဲ့တဲ့ ယောင်းဂေါဟာ ရည်မှန်းချက်ပန်းတိုင်ချင်းတူညီတဲ့ အီဂါယောင်း (Lee Ga Young) ဆိုတဲ့မိန်းကလေးကို တွေ့ဆုံမိခဲ့ရာမှာတော့.. သူတို့ ၂ ဦးစလုံး ဖြစ်ချင်တဲ့ နာမည်ကြီး ဒီဇိုင်နာဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ.. တစ်ဖက်မှာလည်း သူမ လိုချင်တဲ့အရာကို ရအောင်ယူတတ်တဲ့ ချွဲအန်နာ (Kwon Yu Ri) ရဲ့ ရည်စားဟောင်းဖြစ်သူ သူဌေးသား ဂျောင်ဂျယ်ဟျော့ (Lee Je Hoon) နဲ့ အီဂါယောင်းတို့ အကြောင်းအရင်း အမျိုးမျိုးကြောင့် မထင်မှတ်ဘဲ ပတ်သက်မိသွားတဲ့အခါမှာတော့.. သုံးပွင့်ဆိုင်အချစ်တွေ ဘယ်လို ဘယ်ပုံပေါ်ပေါက်လာမလဲ ဆိုတာ..